04 March 2013

တန်ဖိုးနည်းမိုဘိုင်းဖုန်း ဧပြီ ၁ ရက်နေ့ စတင်ရောင်းချမည်
Monday, March 4, 2013

ဧပြီ ၁ ရက်နေ့က စပြီး တန်ဖိုးနည်းမိုဘိုင်းဖုန်းတွေကို စတင်ရောင်းချပေးမယ်လို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလက်ထောက် အင်ဂျင်နီယာချုပ် ဦးစိုးအောင်ထံက သိရပါတယ်။

...See More

ပထမနှစ် မိုဘိုင်းလေးသန်းတိုးချဲ့စီမံကိန်းပြည့်မှီဖို့အတွက် လူတိုင်းလက်လှမ်းမှီနိုင်မယ့် ဈေးနှုန်းနဲ့မိုဘိုင်းဖုန်းတွေကို ဧပြီ ၁ ရက်နေ့ကစပြီး ရောင်းချပေးသွားမယ်။ ဈေးနှုန်းကတော့ အတိအကျအတည်မပြုရသေးတဲ့အတွက် လောလောဆယ် ပြောလို့မရသေးပါဘူး။ သမ္မတရုံးက ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းပြောတဲ့အတိုင်း ဧပြီ ၁ ရက်ကို ရောင်းချနိုင်ဖို့ မှန်းထားပါတယ်လို့ ဦးစိုးအောင်က ပြောပါတယ်။

မိုဘိုင်း တိုးချဲ့ စီမံကိန်းအတွက် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မိုဘိုင်း တာဝါတိုင်စခန်းပေါင်း ၁၅၀၀ ကျော်တည်ဆောက်ပြီးပြီလို့ဆိုပါတယ်။ ပထမနှစ်စီမံကိန်းအတွက် လက်ရှိမှာ မိုဘိုင်းတိုးချဲ့အလုံးရေ ၂.၃ သန်းအထိ ချပေးထားပြီး ဖြစ်တယ်လို့ဆိုတယ်။ ထပ်မံရောင်းချပေးမယ့် မိုဘိုင်းဖုန်းတွေကတော့ သရီးဂျီမိုဘိုင်းအမျိုးအစားတွေဖြစ်ပါတယ်။ လက်ရှိမှာတော့ မိုဘိုင်းဆင်းကတ်အရောင်းကို ခေတ္တရပ်နားထားတယ်
လို့သိရပါတယ်။

The Modern News Journal

No comments:

Post a Comment